Saturday, May 24, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မြိတ်တက္ကသိုလ်မှ ဆရာဆရာမများ၊ ၀န်ထမ်းများ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အမှာစကား ပြောကြား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မြိတ်တက္ကသိုလ်မှ ဆရာဆရာမများ၊ ၀န်ထမ်းများ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အမှာစကား ပြောကြား



တနဿင်္ရီတိုင်းဒေသကြီး မြိတ်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသမ္မတဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ (၁၈)ရက်နေ့ နံနက် (၁၁)နာရီတွင် မြိတ်တက္ကသိုလ်သို့ရောက်ရှိကြရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်ဦး နှင့် ပါမောက္ခများ၊ တက္ကသိုလ် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများက ကြိုဆိုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် မြိတ်တက္ကသိုလ် သမိုင်းဌာန၏ သုတေသန စာတမ်းများ၊ ပါရဂူဘွဲ့ကျမ်းများ၊ တနင်္သာရီမြို့ဟောင်းမှ ရရှိသော အုတ်ခဲ၊ ပန်းအိုး၊ ပေစာ၊ အုတ်ခဲစာ၊ ဒင်္ဂါးများ၊ ပုရပိုက်စာများ၊ မှင်လှိမ့်ကူးကျောက်စာနှင့် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအုပ်စု၊ လယ်သစ်အရှေ့ကျောင်းတိုက်မှ ၁၉၄၈ ခုနှစ်တွင် ပြုလုပ်ပြီး (၆၄) နှစ်တိုင်တိုင် သက်တမ်းရှိ ယနေ့တိုင် တည်ရှိနေသော စိန်ပန်းသွယ်နဂါးလှေငယ်၊ အရှေ့တိုင်းပညာဌာန၊ မြန်မာစာဌာန၊ ပထ၀ီဌာန၊ ရူပဗေဒဌာန၊ အဏ္ဏဝါဗေဒဌာန၊ ဘူမိဗေဒဌာနတို့မှ ပြုစုထားသည့် ကျမ်းစာများကို ကြည့်ရှုလေ့လာသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ဌာနမှူးများကို ပါရဂူဘွဲ့ ကျမ်းများ၊ သတေသန စာတမ်းများအား လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ဆောင်ရွက်ရေး နှင့် ဈေးကွက် ရှာဖွေပေးမည့် ခြေအနေများကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအဆင့် စာတမ်းများနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဘူမိဗေဒဌာနမှ ခင်းကျင်းပြသထားသည့် ကျွန်းစုမြို့နယ် ယမုံလုပ်ကွက်တွင် ခဲမဖြူများ လက်တွေ့ရှာဖွေ ထုတ်လုပ်နေမှု၊ Pegmatite ( အဖြူရောင်) ထဲတွင် ပြန့်နှံ့နေသော ခဲမဖြူ အရိုင်းတုံးများ၊ မြိတ်ကျောက်လွှာစဉ် (အနီရောင်) ထဲသို့ တိုးဝင်နေသော ကျောက်( အဖြူရောင်) များကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည်ဘူမိဇေဒဌာနနှင့် ပတ်သတ်၍ သိရှိလိုသည်များကို မေးမြန်းရာ ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာ သန်းထွဋ်လွင်က မြိတ်ခရိုင် ကျွန်းစုမြို့နယ် ယမုံက ဇတ်ကျေးဇူးရွာ၌ ခဲမဖြူသတ္တု ထုတ်လုပ်လျက်ရှိသော ရွှေပင်လယ်ကုမ္မဏီနှင့် ကမ္ဘာ့မြန်မာ ကုမ္မဏီတို့၏ သတ္တုမိုင်းများတွင် ကျောင်းသား ကျောင်းသူများ လက်တွေ့ကွင်းဆင်းပြီး ဘူမိဗေဒပညာရပ်များ လေ့လာသင်ယူနေမှု၊ သင်ကြားခဲ့ မှုနှင့် တွေ့ရှိမှုများကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက သတ္တုမိုင်းများတွင် ကျောင်းသားကျောင်းသူများ ကွင်းဆင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်အောင် စီစဉ်သင်ကြားပေးရန်၊ တတ်မြောက်ပြီး ပညာရပ်များ ကိုလည်း လက်တွေ့နယ်ပယ်တွင် ဒသအခြေအနေများနှင့် အံဝင်ခွင်ကျ အသုံးချနိုင်သည်အထိ လေ့ကျင့် သင်ကြားပေးရန်၊ ပြည်ပနိုင်ငံများမှ သတ္တုတူးဖော်သည့် ဖက်စပ်လုပ်ငန်းများ ၀င်ရောက်လာလျှင် ကျွမ်းကျင်လုပ်သားများ၊ အတတ်ပညာရှင်များ အဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်အောင်ကြိုတင်စီမံလေ့ကျင့်သင်ကြားပေးရန်၊ သတ္တုကို အသုံးပြုထုတ်လုပ်သည့် အသေးစားနှင့် အကြီးစား စက်မှု လုပ်ငန်းများ ထည်တောင်နိုင်ရန် သတ္တုတူးဖော်ထွက်ရှိမှုအား ကြိုတင်လေ့လာတွက်ချက်ထားနိုင်ရေး၊ ဘိလပ်မြေထုတ်လုပ်ရန် လိုအပ်သည့် ဆက်စပ်ပစ္စည်းများဖြစ်သော ထုံးကျောက်၊ သံရိုင်းနှင့်၊ ဂေါဒန်ကျောက်များ ပမာဏကို ကွင်းဆင်း၍ သုတေသန ပြုရှာဖွေသွားကြရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ပါမောက္ခများ၊ ဆရာဆရာမများ၊ ၀န်ထမ်းများ နှင့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတအား မြိတ်တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ သက်ထွန်းအောင်က မြိတ်တက္ကသိုလ်၏ သမိုင်းအကျဉ်းနှင့် တက္ကသိုလ်၏ ပညာရေး ကဏ္ဍဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက မြိတ်တက္ကသိုလ်နှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့် လိုအပ်မှုများကို နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခဲ့ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့် လက်တွဲဆောင်ရွက်နေမှုများအခြေအနေ၊ မိမိနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝမှု၊ သင့်တင့်မျှတသော ရာသီဥတုနှင့် မြေသြဇာထက်သန်သည့် စိုက်ပျိုးမြေများကို သဘာဝအလျောက် ပိုင်ဆိုင်ထားမှု အခြေအနေ၊ သဘာဝအရင်းအမြစ်များကို တိုင်းပြည်အတွက် အသုံးချနိုင်စေရန် လူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်ပေးရန် လိုအပ်မှုအခြေအနေ၊ နိုင်ငံတော်၏ ကောင်းမွန်သော အနာဂတ် အလားအလာများအပြင် ပညာရည်မြင့်မားစေရန်အတွက် တက္ကသိုလ်ဆရာ ဆရာမများက ခေတ်မီသည့် ပညာတတ်များဖြစ်အောင် သင်ကြားပေးရန်၊ ကျောင်းသား ကျောင်းသူများကလည်း ပညာကိုလိုလို လားလားဖြင့် သင်ယူကြရန် အသေးစိတ် ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြိတ်မြို့၏ ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာနေမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အထူးရေယာဉ်ဖြင့် မြိတ်မြို့ တစ်ဖက်ကမ်း ပထော်ပထက်ကျွန်းရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္မဏီ လီမိတက် တစ်နေ့ တန် (၁၀၀၀)ကျ ငါး၊ ပုဇွန်အအေးခန်း စက်ရုံသို့ ရောက်ရှိပြီး ငါး၊ ပုဇွန်များ အား ခေတ်မီ နည်းစနစ်များဖြင့် စနစ်တကျ ထုပ်ပိုးနေမှုများကို ကြည့်ရှုလေ့လာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ ပထော်ပထက်ကျွန်းပေါ်ရှိ ဂဏန်းပျော့များအား ခေတ်မီနည်းစနစ် များဖြင့် မွေးမြူထားရှိမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာ ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မြိတ်မြို့မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ တိုင်းဒေသကြီး ၀န်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြိတ်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

No comments:

Post a Comment